မင်းနဲ့ ဝေးရတုန်း ကိုယ်မင်းကို လွမ်းလာတယ်၊
အလွမ်းသယ်လာသူ ကိုယ့်ချစ်သူရယ်။
ခံစားချက် ပေါက်ဖွားလာ သူ့အလိုလိုသာ၊
ကြာလာရင် ကိုယ်ရူးသွားနိုင်မှာ။
ခံစားချက်ကို မျိုးသိပ်ရင်း မင်းကို ပိုလွမ်းလာသလို၊
အော်ငိုတာ မင်းကြားနိုင်ရင် အကောင်းသား။
ရင်မှာ ဟာတာတာနဲ့ မနေ့တနေ့ကလိုပဲ၊
ခံစားခဲ့ရတဲ့ ရက်တွေကို ရေတွက်ရင်း၊
မင်းကို ကိုယ်ထာဝရလွမ်းနေမှာပါ။
No comments:
Post a Comment